thePAY App တွင် Gong Cha ကူပွန် ဝယ်ယူနည်း
1.thePAY တွင် Gong Cha ကို ရွေးချယ်ပြီး ဝယ်လိုချင်သော menu ကို ရွေးပါ။
2.ကူပွန်လက်ခံမည့် ဖုန်းနံပါတ် (11 လုံး) ကို ထည့်သွင်းပြီး ငွေပေးချေမှုကို ဆက်လက်လုပ်ဆောင်ပါ။
3. အသုံးပြုနိုင်မည့် Gong Cha ကူပွန်ကို thePAY APP နှင့်ဖုန်း SMS သို့ ပို့ပေးပါမည်
4. Gong Cha ကူပွန်ကို နိုင်ငံတစ်ဝှမ်းရှိ Gong Cha ဆိုင်များ (အချို့ဆိုင်များမှအပ) တွင်အသုံးပြုနိုင်ပါသည်။ စက်မှတဆင့် ငွေပေးချေမှုတွင် ‘မိုဘိုင်းလ် ကူပွန်’ ခလုတ်ကို ရွေးချယ်ပြီး ရရှိထားသောကူပွန်ရဲ့ဘားကုဒ်ကို စကင်ဖတ်ပါ။
Gong Cha ကူပွန် (Gifticon, ငွေပမာဏကူပွန်) ကို ဆိုင်ရှိ kiosk စက် (သို့)တရားဝင် App မှတစ်ဆင့် အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
ဆိုင် kiosk စက်တွင်အသုံးပြုသည့်အခါ
1. မီနူးကို ရွေးချယ်ပြီးနောက် ငွေပေးချေမှု မျက်နှာပြင်တွင် "Mobile Coupon" (သို့) "Gong Cha Card" ကို ရွေးချယ်ပါ။
2. ကူပွန်ရဲ့ဘားကုဒ်ကို Scan ဖတ်ခြင်း (သို့)ကူပွန်နံပါတ်ကိုဖြည့်စွက်ပါက ငွေပေးချေမှု ပြီးမြောက်ပါသည်။
မီနူး ပြောင်းလဲအသုံးပြုခြင်း
thePAY မှဝယ်ယူထားသောကူပွန်လက်မှတ်တွင် ဖော်ပြထားသော မီနူးအစား အခြားအချိုရည်များ (သို့) Side Menu များဖြင့် ပြောင်းလဲအသုံးပြုနိုင်ပါသည်။
ဈေးနှုန်းကွာခြားမှုရှိပါက အပိုငွေ ပေးချေရမည်ဖြစ်ပါသည်။
ငွေပမာဏ ကူပွန်
ကျန်ရှိသော လက်ကျန်ငွေကို သက်တမ်းမကုန်မီ ထပ်မံအသုံးပြုနိုင်ပါသည်
အချို့သော အထူးဆိုင်ခွဲများ (စူပါမားကတ်၊ လေဆိပ်၊ အနားယူစခန်း၊ Shopping Mall အတွင်းရှိ ဆိုင်များ စသည်) တွင်မိုဘိုင်းကူပွန်အသုံးပြုမှု ကန့်သတ်ထားနိုင်ပါသည်။သွားရောက်အသုံးပြုမီ အသုံးမပြုနိုင်သော ဆိုင်စာရင်းကို Gong Cha တရားဝင် Website တွင် စစ်ဆေးနိုင်ပါသည်။

